နတ်မောက်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများနေ့အလိုက်ခွဲခြား၍ စနစ်တကျထုတ်ပေး

နတ်မောက် မတ်  ၂၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ နေ့အလိုက်ခွဲခြား၍ စနစ်တကျပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ပင်စင်စားဝန်ထမ်း(၁၈၂၃)ဦးရှိပြီး မတ်လ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နေ့စဉ်နံနက် ၇ နာရီခွဲအချိန်မှစတင်ပြီး နေ့လည် ၂ နာရီအထိ ပင်စင်လစာငွေများ ထုတ်ပေးသွားမည်ဖြစ်၍ သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဧပြီလဆန်းရက်ဘဏ် လုပ်ငန်းဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း