ပေါက် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံး သစ်ဖွင့်ပွဲကို အောက်တိုဘာ ၁ ရက် နံနက် ၇နာရီအချိန်ခန့်က အဆိုပါရုံး၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် တို့က ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရေတို့ဖြင့် ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ကြပြီး ပင့်သံဃာငါးပါး ထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို ဆက်လက်နာယူခဲ့ကြသည်။
အဆိုပါ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေး နှစ် ၊ ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုငွေကျပ်၈၄ဒသမ၅ သန်းဖြင့် ၂၀၂၀ပြည့်နှစ်၊ မတ်လ (၁၁) နေ့တွင် စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဥမ္မာကျော်(ပြန်/ဆက်)