ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

ဝေါ မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်သည့်အလေ့အထများ ရရှိစေရန်နှင့် စာပေဗဟုသုတများ နှီးနှောဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား/ ကျောင်းသူများအား ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရာ၌ အဓိကပါဝင်ရမည့်အချက်များကို ပြောကြားပေးပြီး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် "စာကြည့်တိုက်သို့သွားကြစို့" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၂၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)