ဒေးဒရဲမြို့ Community Centre ခန်းမ၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ဒေးဒရဲ မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် Community Centreခန်းမ၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Showကို ယနေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး Talk Showတွင် ပြန်ကြားရေး‌နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က အပူဒဏ်ကြောင့်‌ဖြစ်ရသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများအကြောင်းနှင့် အပူဒဏ်အန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး စာကြည့်တိုက်လက်ထောက် (၃) ဒေါ်သီတာမိုးက အပူဒဏ်အန္တရာယ်နှင့် ကြုံတွေ့လာပါက အရေးပေါ်ကုသနည်းများ၊ အပူကြောင့်ဖြစ်တတ်သော အန္တရာယ်များအား ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား အသိပညာပေး ပြောကြားခဲ့သည်။

ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေ‌လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရေး စာဖတ်ဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ Talk Showများ၊ ဌာနဆိုင်ရာ ရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းများကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း