ဟုမ္မလင်း မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ယနေ့ နံနက် ၉ နာရီတွင် နွေစပါး စိုက်ပျိုးသည့် တောင်သူများအား ဒု-ဦးစီးမှူး ဦးမိုးမင်းက GAP စိုက်ပျိုးနည်းစနစ်နှင့် နွေစပါးအထွက်နှုန်း တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများဆွေးနွေး ဆောင်ရွက်ပြီး ကွင်းအမှတ် (၆၅)၊ နောင်ပကျစ်ကွင်းရှိ တောင်သူ ဦးဝင်းအောင်၏ နွေစပါးတင်း (၁၂၀) ထွက်ရှိရေး စံပြကွက် (၁၀) ဧကကို ကွင်းဆင်း ပြသခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လ/ထဦးစီးမှူး ဦးယောထန်းမှ နွေစပါးစိုက်ခင်းတွင်တွေ့ရှိရသော ပိုးမွှားရောဂါ၊ မြေဆီလွှာပြသနာများ ရှင်းလင်းဆွေးနွေးပြီး တောင်သူ ဦးဝင်းအောင်မှ နွေစပါးအထွက်နည်း စနစ်များ လက်တွေ့လိုက်နာဆောင်ရွက်မှု အတွေ့ အကြုံများ ဆွေးနွေးကြရာ ညောင်ပင်သာ၊ မှန်ပင်၊ ရေလဲ၊ ကက်သာကျေးရွာများ၊ ဟုမ္မလင်း၊ နောင်ပကျစ်၊ခိုပဲဝ၊ နမ်ဖွတ်မော်ရပ်ကွက်တို့မှ တောင်သူ (၃၀) ဦးနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်း(၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်းခရိုင်တွင် နွေစပါး ၁၁၃၃၁ ဧက စိုက်ပျိုးရန်လျာထားရာ (၁၁၃၄၃) စိုက်ပျိုးခဲ့ပြီး ၁၀၈ ဒသမ ၄၃ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)