ကဝ မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၃ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က လူငယ်များအားကစားကို စိတ်ဝင်စားလာပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာရေး၊ အားကစားစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး စသည်တို့ကို ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး အားကစားနှင်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစစ်နိုင်ဦးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများအား အားကစားဝတ်စုံများနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စာပွဲတင်တင်းနစ်၊ အေရိုးဗစ်နှင့် Fitness Dance စသည့် အားကစားနည်းများကို (၇.၃.၂၀၂၃)မှ (၁၉.၃.၂၀၂၃)ထိ မြို့နယ်အားကစားကွင်း၊ အ.ထ.က(မကျက်ကြီး)နှင့် ကဝမြို့ ညောင်ပင်ကွင်းတို့တွင် လက်တွေ့သင်ကြားပို့ချခဲ့ရာ သင်တန်းသား/ သင်တန်းသူ (၉၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)