ချောင်းဦး မတ် ၂၀
ချောင်းဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် သတင်းရေးသား ထုတ်ပြန်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်က အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်လင်းက အများပြည်သူသို့ သတင်းအမှန် အချိန်မီသိရှိနိုင်ရေး သတင်းကို စနစ်တကျရေးသားထုတ်ပြန် တတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းအားဆက်လက်ပို့ချရာ သင်တန်းတွင် ဝေါဟာရရှင်းလင်းချက်၊ အခြေခံသတင်းစာပညာ၊ အချက် အလက်စုဆောင်းခြင်း၊ သတင်းရေးသားခြင်း၊ သတင်းထုတ်ပြန်ချက်၊ စာနယ်ဇင်းဆိုင်ရာကျင့်ဝတ်၊ သတင်းဓာတ်ပုံပညာ စသည်တို့ကို (၂)ရက်ကြာ သင်ကြားပို့ချ သွားမှာဖြစ်ကြောင်း သိရသည်။
ထိန်လင်း(iprd)