အုတ်တွင်း မတ် ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်း က လူငယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ရည်မှန်းချက် စသည့်အကြောင်းအရာများကို ကျောင်းသားလူငယ်များအား ဆွေးနွေးပြောကြားပြီး အင်အား ၃၅ ဦး တက်ရောက်ခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသော ကျောင်းသားလူငယ်များအား စာကြည့်တိုက်၌ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ သက်ငယ်မုဒိမ်း ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များပြသခဲ့ပြီး ကျောင်းသားလူငယ်များ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)