ပခုက္ကူ မတ်၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဆောင်ရွက်သည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံများတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်အချိန်တွင် ကလေးများအား အလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြရန်၊ ကလေးအလုပ်သမားအဓိပ္ပာယ်နှင့် အခွင့်အရေး၊ ဥပဒေများ၊ ကလေးအလုပ် သမားများ၏အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏အလုပ်ချိန် ကန့်သတ်ချက်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကဗျာ၊ ဆောင်ပုဒ်နှင့် ဓာတ်ပုံများပါဝင်ပြီး ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (ကလေးသူငယ်)များ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)