ရွှေကျင် မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် လူငယ်များအားကစားကို ပိုမိုစိတ်ဝင်စားလာပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများပေါ်ထွန်းလာရေး၊ အားကစားစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးတို့ကိုရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းအား သတ်မှတ်ထားသောအားကစားကွင်းများ၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ Physical Fitness Dance (E.I.M)အက၊ အေရိုးဗစ်စသည့် အားကစားနည်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သင်တန်းခေါင်းဆောင် ဒေါ်သီသီဆိုင်(နည်းစနစ်မှူး)မှဦးဆောင်၍ သက်ဆိုင်ရာအားကစားနည်ပြ ဆရာ၊ ဆရာမများဖြင့် အခြေခံအားကစားနည်း အဆင့်များအား (၁၉-၃-၂၀၂၃)ရက်နေ့မှ (၂-၄-၂၀၂၃)နေ့အထိ လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၈၀)ကျော်ခန့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)