ထန်ပါခွေ မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက်(၁၁)နာရီအချိန်က မှုခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် ထန်ပါခွေမြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ကျော်ကျော်က မြို့အတွင်း၌ မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီး ရေးအကြောင်းတို့ကို အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့ သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ ထန်ပါခွေမြို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ စခန်းမှူး ရဲအုပ်ကျော်မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထန်ပါခွေမြို့(ပြန်/ဆက်)