လိပ်သို မတ် ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အားကစားပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကလေးငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရှိစေရန်အတွက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကို လိပ်သိုမြို့ အမှတ် (၂)ရပ်ကွက်ရှိ ကျောင်းသား/ကျောင်းသူ ကလေးငယ်များက အိတ်စွပ်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ ဖားခုံပြိုင်ပွဲ၊ ခြေတပေါင်ကျိုး ပြိုင်ပွဲနှင့် အာလူးကောက်ပြိုင်ပွဲများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/ ကျောင်းသူ ကလေးငယ် (၁၅) ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအလိုက် ဆုရရှိသူများကို မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)