ပန်းတောင်းမြို့နယ်၌ မြစ်ရေတင်လုပ်ငန်းမှ ရေပေးဝေမှုအခြေအနေများ၊ စိုက်ခင်းများသို့ရေရောက်ရှိမှုအခြေအနေများအား တာဝန်ရှိသူတို့မှကွင်းဆင်းကြည့်ရှု

ပန်းတောင်း မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြစ်ရေတင်လုပ်ငန်းမှရေပေးဝေမှုအခြေအနေများ၊ စိုက်ခင်းများသို့ရေရောက်ရှိမှုအခြေအနေများအား တာဝန်ရှိသူတို့မှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ဆည်မြောင်းဦးစီးဌာနညွှန်ကြားရေးမှူးဦးကိုကိုဦး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်သန်းလွင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုင်းသန့်အောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ထုံးဘိုမြစ်ရေတင်လုပ်ငန်းမှ ရေပေးဝေမှုအခြေအနေများ၊ စိုက်ခင်းများသို့ရေရောက်ရှိမှုအခြေအနေများအားကြည့်ရှု၍လည်းကောင်း၊ ပြင်ကြီးမြစ်ရေတင်စီမံကိန်းသို့ရောက်ရှိပြီး မြစ်ရေတင်နေမှုအခြေအနေများအားကြည့်ရှု၍လည်းကောင်း၊ သူရဲတန်းမြစ်ရေတင်စီမံကိန်းတွင် ရေပေးဝေနေမှုအခြေအနေများ၊ စိုက်ပျိုးဖြစ်ထွန်းနေသော လယ်မြေများအားကြည့်ရှုစစ်ဆေးခဲ့ပြီးတာဝန်ရှိသူများမှ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)