စုကလိမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ်ကပ်ထားကြေညာ

စုကလိ အောက်တိုဘာ ၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်များစာရင်းအား ဒုတိယ အကြိမ် ကပ်ထားကြေညာ ခြင်းအား ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့တွင် ယနေ့နံနက် (၁၀) အချိန်က ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ ပေးခဲ့သည်။

စုကလိမြို့ မဲဆန္ဒနယ်အတွင်း မဲကုလားအုပ်စုနှင့် တာအုပ်အုပ်စုတို့တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်များ အရေအတွက်အား ပြန်လည်ပြင်ဆင်ခြင်းနှင့် ပထမအကြိမ် ကပ်ထား ကြေညာသည့် စာရင်းများတွင် မိမိနာမည် မပါဝင်ပါက ပြန်လည်ပြင်ဆင်တောင်းခံနိုင်ပြီး လိုအပ်ချက်များရှိပါက ထပ်မံတောင်းခံနိုင်မည် ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် မဲစာရင်းအား အောက်တိုဘာ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကပ်ထား ပေးမည်ဖြစ်သည်။

စုကလိမြို့တွင် မဲပေးနိုင်သည့်မဲဆန္ဒရှင် ကျားမပေါင်း (၇၂၈)ဦးနှင့် မဲကုလားဆုံဆည်းမြိုင် အုပ်စုတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင် ကျားမပေါင်း (၂၅၂၁) ဦးရှိကြောင်း ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲထံမှ သိရသည်။

ပိုပိုအောင်