ကန့်ဘလူမြို့၌ နွေရာသီ အခြေခံအားကစားနည်း သင်တန်းများ(အခမဲ့) ဖွင့်လှစ်မည်

ကန့်ဘလူ မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များအချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍နွေရာသီ အားကစားသင်တန်းများ(အခမဲ့)ကို မတ် ၂၀ ရက်၌ စတင်ကာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်လှစ်သင်ကြားပေးမည့် အားကစားနည်းများမှာ ဘောလုံး၊ စားပွဲတင်တင်းနစ်နှင့် အေရိုးဗစ် အားကစားနည်းများကို သင်ကြားပေးမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို မြို့မဘောလုံး အားကစားကွင်း၌လည်းကောင်း၊ စားပွဲတင်တင်းနစ်ကို ခရိုင်စုပေါင်းရုံး၌လည်းကောင်း၊ အေရိုးဗစ် အားကစားနည်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌လည်းကောင်း အသီးသီးဖွင့်လှစ်နိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ခံ ဒေါ်ငွေဆွေတာရာထံမှ သိရသည်။

အဆိုပါအားကစားနည်းသင်တန်းများတွင် ကျွမ်းကျင်နည်းပြများက အခြေခံမှစတင်၍ သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)