တမူး မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က တမူး-စေတီ ကားလမ်းမပေါ်ရှိ ပါဟဲတံတားအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ရှင်းရေး ဆောင်ရွက်ရာတွင် ပါဟဲတံတားအနီး လမ်းဘေးဝဲယာရှိ ချုံနွယ်များအား JCB စက်ယန္တရားဖြင့် ရှင်းလင်းခဲ့ပြီး အမှိုက်များအား စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက အမှိုက်သိမ်းယာဥ်များဖြင့် သတ်မှတ်နေရာများသို့ သယ်ဆောင်ကာ စနစ်တကျစွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်နေမှုများအား တမူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တမူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးလှမြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရတနာ