ပြည်မူလတန်းကြိုကျောင်း၌ “ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ကျောင်းတွင်းပဒေသာကပွဲ” အခမ်းအနားစည်ကားသိုက်မြိုက်စွာကျင်းပ

ပြည် မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ ပြည်မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သားငယ်/သမီးငယ် လေးများအား “ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ကျောင်းတွင်း ပဒေသာကပွဲ” အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အဆိုပါကျောင်းမှ  သားငယ်/သမီးငယ်လေးများက “တပင်တိုင် အကအလှ”အပါအဝင် မောတို့ပြည်နယ်၊ သျှောင်ပေစူး၊ မြို့သားနှင့်တောသူ၊ Tokka Tokka၊ မေမေပြီးရင်ပြီးတာပဲ၊ Dular၊ ဖလန်းဖလန်းအချစ်၊ ဟယ်လိုအိုပါး၊ Cherry Cherry၊ အိုကေနားထား၊ Skiri၊ မိချော၊ အာဝါဟ၊ Boom Boom၊ စိန်အိုးစည်၊ အာလောကလောက်၊ ကောက်စိုက်ချိန်၊ ရွှေညာသူ‌ရွှေညာသား၊ ချစ်အာရုံ၊ ရှာပုံတော်မင်းသားကြီးနှင့် စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် အစရှိသည့် တေးသီချင်းများဖြင့်  ကဏ္ဍစုံလင်ပျော်ရွှင်စွာ ကပြဖျော်ဖြေကြပြီး တာဝန်ရှိသူများက  ကျောင်းသား၊ ကျောင်းသူ သားငယ်သမီးငယ်လေးများအား ကျောင်းဆင်းဂုဏ်ပြု လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်လတ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘဆွေမျိုးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်ကြပြီး ကပြဖျော်ဖြေသူ သာ/သမီးငယ်လေးများနှင့်အတူ အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)