ရွှေတောင်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများအား တွေ့ဆုံ၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရွှေတောင်မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ၁၃၈၄-ခုနှစ်  မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရန်ပုံငွေရရှိအောင် ဆောင်ရွက်နိုင်ရေး၊ ၂၀၂၂-၂၀၂၃ခုနှစ် နွေစပါးလျာထား ဧကပြည့်မီကျော်လွန်စေရေးနှင့် ပန်းတိုင်အထွက်တိုးရရှိစေရေး၊ စိုက်စနစ်မျိုးမှန်ကန်စေရေး၊ ၂၀၂၃-၂၀၂၄ မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်စေရေးနှင့် ပန်းတိုင်အထွက်တိုးရရှိစေရေး၊ ရွှေတောင်မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူလျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသား၊ ငါး၊ ဥစားသုံးမှုဖူလုံစေရေး၊ ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် နေဗီယာမြက် လျာထားဧက (၁၈၀) ဧကပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် မြေနေရာနှင့် စိုက်ပျိုးမည့်အစီအမံများ ကြိုတင်စီမံဆောင်ရွက်နိုင်ရေး၊ စိုက်ဘဏ်ချေးငွေနှင့် သမချေးငွေ ကြွေးကျန်များကောက်ခံရရှိရေးစသည့် ကိစ္စရပ်အသီးသီးတို့ကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ရာတက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းအကြောင်းအရာနှင့် ပတ်သက်သည့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်လုပ်ငန်းတာဝန်များ လုပ်ဆောင်နေများကို ဆွေးနွေးပြန်လည်တင်ပြခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန် /ဆက်)