ကျွန်းလှမြို့နယ်၌ အကျိုးဆောင် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ကျွန်းလှ မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အကျိုးဆောင် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ချောင်းရေနဲ့ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးကြပါတယ်။ နွေစပါးကိုတော့ သဖန်းဆိပ်ဆည်ရေကျမှာ စိုက်ပျိုးကြပါတယ်။ တောင်သူတွေ သွင်းအားစုပစ္စည်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ စိုက်နည်းစနစ် ပညာပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများ ပြုလုပ်ခြင်း၊ သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးနှင့် ပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်းများ ပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)