လိပ်သိုမြို့၌ “လူကုန်ကူမှုအန္တရာယ် တားဆီးကာကွယ်ရေး” အသိပညာပေး နံရံကပ်ပြဘုတ်ဖြင့် ပြသ

လိပ်သို မတ် ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများအကြောင်းကို အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် အသိပညာပေး ဗီနိုင်းပိုစတာဖြင့် ဒေသခံကျောင်းသား/သူ လူငယ်များအား ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ပြသမှုတွင် လူကုန်ကူးမှုဖြစ်ပေါ်လာပုံ တွန်းအားပေးချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ (၄)ရပ်၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များ၊ လူကုန်ကူးခံရနိုင်သူများအကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးခံရသူများရရှိနိုင်သော ဆိုးကျိုးများအကြောင်း၊ လူကုန်းကူးမှုအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများ  သိမှတ်ဖွယ်ရာများတို့ကို  ရုံးရှေ့နံရံကပ်ပြဘုတ်နှင့်  ရုံးတွင်း နံရံကပ်စာစောင်များတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)