နတ်မောက် မတ် ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပုံပြော၊ ကဗျာရွတ်ဆို ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဉီးစီးအရာရှိက လူငယ်/လူရွယ်များ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကလေးသူငယ်များကလည်း ပုံပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို စိတ်ပါဝင်စားစွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပြိုင်ပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
လှဝင်း