ကြာအင်းဆိပ်ကြီး မတ် ၁၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်ရွယ်ချက်၌ ပြည်သူကိုမျက်နှာမူသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ခြင်း၊ ဆောင်ပုဒ် (၃) ရပ်ဖြစ်သည့်၊ ပြန်ကြားပေးရန် (Information)၊ ပညာပေးစည်းရုံးလှုံ့ဆော်ရန် (Education)၊ ဖျော်ဖြေပေးရန် (Entertainment) နှင့် လုပ်ငန်းတာဝန် (၁၀) ရပ်တွင်ပါဝင်သည့် ပြည်သူများ အသိပညာ မြင့်မားရေးနှင့် ခရိုင်/မြို့နယ် ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စသည့်ဦးစီးဌာန၏ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဦးစီးဌာနမှ အထက်ပါလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများ စာဖတ်ရှိန်မြင့်မားတိုးတက်လာစေရေးနှင့် အထွေထွေဗဟုသုတများ တိုးပွားလာစေရေးအတွက် စာဖတ်ဝိုင်းများပြုလုပ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းစာဖတ်ဝိုင်းတွင် စာရေးဆရာသက်လုံ ရေးသားထုတ်ဝေသည့် သားငယ်အရွယ်လူး သိစေဦး၊ လူစွမ်းကောင်းဖြစ်ချင်ရင် အလုပ်လုပ်ပါ ခေါင်းစဉ်ပါစာအုပ်မှ ဆောင်းပါးများ ဖြစ်သည့် အလုပ်ဖြင့်ပေးဆပ်ခြင်း၊ ခြေတစ်လှမ်းချင်းဖြင့် ပန်းတိုင်ရောက်တယ်၊ အသိပညာဖြင့်ကျော်လွှားပါ၊ လူစွမ်းကောင်းဖြစ်ချင်ရင် အလုပ်လုပ်ပါ၊ ခေါင်းစဉ်ပါ ဆောင်းပါးများအား စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက တစ်ဦးစီအလိုက် အလှည့်ကျဖတ်ကြားပြီး ဆောင်းပါး ပါအကြောင်းအရာများအား အဖွဲ့ဝင်များမှ မိမိတို့၏ ထင်မြင်ယူဆချက် နားလည်မှုအတွေးအမြင်များအား ပြန်လည် ဆွေးနွေးခဲ့ကြောင်းသိရသည်။
မျိုးမင်းဦး