ရွှေဘိုတက္ကသိုလ်၌ အသား၊ ငါး၊ ဥ၊ နို့နှင့် ဟင်းသီးဟင်းရွက်များ၊ ခြံထွက်စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

​ရွှေဘို မတ် ၁၈

အနောက်​မြောက်တိုင်းစစ်ဌာနချုပ်၊​ ရွှေဘိုတပ်နယ်မှ၊​ ရွှေဘိုတက္ကသိုလ်ဝင်းအတွင်းရှိ၊ ဝန်ထမ်းများ၊ ပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အသား၊ ငါး၊ ဥ၊ နို့နှင့် ဟင်းသီးဟင်းရွက်များအား ခြံထွက်​စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။

အသား၊ ငါး၊ ဥ၊ နို့နှင့် ဟင်းသီးဟင်းရွက်များအား ခြံထွက်စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို အနောက်​မြောက်တိုင်းစစ်ဌာနချုပ်၊​ ရွှေဘိုတပ်နယ်မှူးနှင့် အရာရှိစစ်သည်များ၊ ပါ​မောက္ခချုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အသား၊ ငါး၊ ဥ၊ နို့နှင့် ဟင်းသီးဟင်းရွက်စသည်များအား ​ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများက သက်သောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ  စျေးဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရွှေဘိုခရိုင်ပြန်/ဆက်