ကလေး မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ၏ ကာယ ဉာဏ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ကျောင်းသားလူငယ်များကို အထွေထွေ ဗဟုသုတ၊ ဖတ်မှတ်စွမ်းရည်များမြင့်မားလာပြီး ဉာဏ်ရည် ဉာဏ်သွေးများမြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများမှ စက္ကူအရုပ်ခေါက်ပြိုင်ပွဲ၊ စိတ်ကြိုက် ပန်းချီဆွဲပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြရာ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သူများနှင့် ဆုရရှိသူများအတွက် ဆုများနှင့်လက်ဆောင်ပစ္စည်းများကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)