နတ်မောက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

နတ်မောက် မတ် ၁၈ 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့မွန်းတည့် ၁၂ နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း) စာစစ်ဌာနတွင် ကတ္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးသည့် ကျောင်းသား/သူများနှင့် လုံခြုံရေးတာဝန် ကြီးကြပ်ဆောင်ရွက်နေသူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ခုနှစ်) ဥပဒေပုဒ်မ ၁၀၃ နှင့် ပုဒ်မ(၁၀၁) အကြောင်းအရာများ၊ ကလေးအလုပ်သမားဆိုသည်မှာ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရည်မှန်းချက် (၆)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ၂၀၂၂ -ခုနှစ်တွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး မြေစိုက်ပိုစတာအား စိုက်ထူဆောင်ရွက်နေသည့် မှတ်တမ်းဓာတ်ပုံများ၊ ကလေးအလုပ်သမား ခိုင်းစေခြင်းအား အတူတကွ တိုက်ဖျက်ကြပါစို့ ကာတွန်းပုံများ စသည့်  အကြောင်းအရာများ ပါဝင်ပြီး ကျောင်းသား/သူများ၊ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့်  သိရှိနိုင်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ လိုက်လံ ဖြန့်ဝေပေးခဲ့သည်။

လှဝင်း