ငဖဲမြို့နယ် ဇီးတောကျေးရွာအုပ်စုမှ နွားကောင်ရေ (၂၀၇) ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး

ငဖဲ မတ် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထား သည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင် ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဇီးတော ကျေးရွာအုပ်စုသို့ သွားရောက်၍ နွားကောင်ရေ (၂၀၇) ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်း ထိုးနှံပေးပြီး နွားခြံများအား ပိုးသတ်ဆေးများဖျန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ချစ်ချယ်ရီစိုးနှင့် ဝန်ထမ်းများဦးဆောင်ပြီး တိရစ္ဆာန်ကျန်းမာရေး လုပ်သားများပူးပေါင်းကာ ဇီးတော ကျေးရွာအုပ်စု ရှောက်ဝကျေးရွာမှ တောင်သူများမွေးမြူထားသော နွားကောင်ရေ(၁၂၅) ကောင်နှင့် ဇီးတောကျေးရွာမှ နွား(၈၂)ကောင် စုစုပေါင်း (၂၀၇)ကောင်အား ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ် ဆေးများထိုးနှံပေးခဲ့ပြီး နွားခြံများအားပိုးမွှားရောဂါ ကာကွယ်စေရန် ခြံဖျန်းဆေး ပိုးသတ်ဆေးများ ဖြန်းပေးခဲ့ကာ ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သော ရောဂါများနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ လက္ခဏာများ၊ ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရ ညီညွတ် မျှတစွာ ပါဝင်သော အစားအစာကို လုံလောက်စွာကျွေးမွေးရန်နှင့် စနစ်တကျ မွေးမြူနည်းများ၊ ကျွဲနွား ကူးစက်ရောဂါ သံသယလက္ခဏာများ စသည်တို့ကို တောင်သူများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)