ရွှေသောင်ယံ မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက အမှတ်(၂)ရပ်ကွက်အတွင်း၌ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေးဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ အမှတ်(၂) ရပ်ကွက်အတွင်း၌ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြရာ လျှပ်စစ်မီး အသုံးပြုသူများ၊ မီးသွေးမီးဖိုအသုံးပြုသူများ၊ ထင်းမီးဖိုအသုံးပြုများ၊ ဂက်စ်မီးဖိုအသုံးပြုသူများ စသည်ဖြင့် မီးအသုံးပြုသည့် အိမ်အမျိုးအစားအလိုက် သေသေချာချာစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြား ပေးခဲ့ကြသည်။
ထို့နောက် အိမ်များတွင် မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ ထားရှိခြင်းရှိ/မရှိ၊ မီးသုံးစွဲရာတွင် စနစ်တကျ သုံးစွဲရန်နှင့် မီးသုံးစွဲမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာအခက်အခဲ ပေါ်ပေါက်ပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ် အကြောင်းကြားရန် စသည်ဖြင့် လိုက်လံမှာကြားခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)