တောင်တွင်းကြီး မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက် (၉) နာရီအချိန်က စာစစ်ဌာန(၂)ခုတွင် ကျောင်းသား/ကျောင်းသူပေါင်း (၁၂၄) ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က (ဆတ်သွား) ကျောင်းတို့တွင် ယနေ့တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် သမိုင်းဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၄၁)ဦး၊ ကျောင်းသူ (၈၃)ဦး စုစုပေါင်း (၁၂၄) ဦး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၈၉. ၂၁) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်