မင်းလှမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

အထက်မင်းလှ မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီမှ ထုတ်ဝေသော “ကလေးအလုပ်သမားပပျောက်ရေး” လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်းကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ လမ်းသွားလမ်းလာ ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေ ပေးခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားများ၏   အသက်အရွယ်၊ ကလေးအလုပ်သမား များ၏ အလုပ်ချိန်ကန့်သတ်ချက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေပုဒ်မများ၊ ကလေးအလုပ်သမား ဆိုသည်မှာ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားရေးအဆင့် လုပ်ငန်းစီမံချက်၊ ရည်မှန်းချက်(၆)ရပ်၊ ကာတွန်းစသည့်အချက်များ ပါဝင်သော သတင်းစကား လက်ကမ်း စာစောင်များကို ကျောင်းသား ကျောင်းသူများ၊ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)