ငဖဲ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ငဖဲမြို့အဝင်ဂိတ်နှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
၂၀၂၃ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့ (ဆောင်းပါး)၊ (၇၈)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက် (၄)ရပ်၊ တပ်မတော်၏ အား(၁၀)ပါး၊ ပြည်သူချစ်တဲ့ တပ်မတော်(ကဗျာ)၊ စွမ်းအားရှိသမျှ ကာကွယ်ပေးမယ် (ဗိုလ်ချုပ်အောင်ဆန်း ၁၃.၇.၁၉၄၇ ရက်နေ့ မြို့တော် ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်) အမျိုးသား နိုင်ငံရေးတာဝန်များကို သစ္စာရှိရှိကျေပွန်စွာ ထမ်းဆောင်နေတာဖြစ်ကြောင်း (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇.၃.၂၀၂၂ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)၊ တပ်မတော်နေ့ ဆိုင်ရာ သရုပ်ဖော်ရုပ်ပြနှင့် ဆောင်ပုဒ်များပါဝင်သည်။
အဆိုပါ (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းနှင့် ဝန်ထမ်းများက ငဖဲမြို့အဝင်ဂိတ်တွင်ဖြတ်သန်းသွားလာနေကြသော လမ်းသွားလမ်းလာခရီးသွားပြည်သူများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသောကျောင်းသား/သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)