အောင်လံ မတ် ၁၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း ဆပ်ကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၁၂ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမား များ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေပုဒ်မများ၊ ကလေးအလုပ်သမားဆိုသည်မှာ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကာတွန်းစသည့် အချက်များပါဝင်သော သတင်းစကားလက်ကမ်း စာစောင်များအား ကျောင်းသား/ကျောင်းသူများနှင့် စာကြည့်တိုက်လာပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)