ရွှေသောင်ယံမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရွှေသောင်ယံ မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ လှည့်လည်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် သိမှတ်ဖွယ်ရာ ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်းများ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀)ပါး၊ နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းကောက်နှုတ်ချက်များ စသည်ဖြင့် တပ်မတော်နှင့်ဆိုင်ရာ သိမှတ်ဖွယ်ရာဗဟုသုတများကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)