ကြံခင်း မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နေ့လည် (၁၂)နာရီအချိန်က ကြံခင်းမြို့ (အ.ထ.က-၁)ကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးချိန်၌ ကျောင်းသား/သူများ၊ လုံခြုံရေး တာဝန်ယူသောရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ပြည်များအား ဖြန့်ဝေပေးကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇-၃-၂၀၂၂ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်) "အမျိုးသားနိုင်ငံရေး တာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာ ထမ်းဆောင်"၊ တပ်မတော်၏အား (၁၀)ပါး၊ (ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်) "စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်"၊ "နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့" ဆောင်းပါး၊ ဖိုးလေးလုံးသောင်းကိုကို၏ "ပြည်သူချစ်တဲ့ တပ်မတော်" ကဗျာ၊ ကာတွန်းနှင့် တပ်မတော်နေ့ ဆောင်ပုဒ်များ ပါဝင်ကြောင်းနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် ဝန်ထမ်းများက ကျောင်းသား/သူများနှင့် ပြည်သူများလက်ဝယ်အရောက် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် (အခမဲ့)ဖြန့်ဝေပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)