ကျောက်တံခါးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအားကစားသင်တန်းများအကြောင်းနှင့် အားကစားသိပ္ပံအကြောင်း အသိပညာပေးဟောပြောပွဲနှင့် မြန်မာ့သိုင်းသရုပ်ပြပွဲ ကျင်းပ

ကျောက်တံခါး  မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် နွေရာသီအားကစားသင်တန်းများအကြောင်းနှင့် အားကစားသိပ္ပံအကြောင်း အသိပညာပေးဟောပြောပွဲနှင့် မြန်မာ့သိုင်းသရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပဆောင်ရွက်သည်။

 အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က ဟောပြောကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားမှူး ဒေါ်နုနုခင်က နွေရာသီအားကစားသင်တန်းများအကြောင်းနှင့် အားကစားသိပ္ပံအကြောင်းအား ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြန်မာ့သိုင်းသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများက မြန်မာ့သိုင်းအားကစားနည်းများအား သရုပ်ပြကစားခဲ့ကြသည်။

အဆိုပါဟောပြောပွဲနှင့် မြန်မာ့သိုင်းသရုပ်ပြပွဲသို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဝန်ထမ်းများ မြန်မာ့သိုင်းသင်တန်းမှ သင်တန်းသားသင်တန်းသူများ၊ စိတ်ပါဝင်စားသည့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)