သာပါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျေးရွာအုပ်စုများသို့ လေပြင်း​ဘေး ကြိုတင်ပြင်ဆင်​ရေး စာရင်း​ကောက်ယူခြင်း၊ အိမ်​ဆောက်ပစ္စည်းများ စုပုံ/ဖြန့်ခွဲခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်းများ ဆောင်ရွက်

သာပေါင်း မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျေးရွာအုပ်စုများသို့ မတ်လ ၁၅ ရက်နေ့က လေပြင်း​ဘေးကြိုတင်ပြင်ဆင်​ရေး စာရင်း​ကောက်ယူခြင်း၊ အိမ်​ဆောက်ပစ္စည်းများ စုပုံ/ဖြန့်ခွဲခြင်း နှင့် ပြင်ဆင်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ လေပြင်း​ဘေးကြိုတင်ပြင်ဆင်​ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဝန်ထမ်းများမှ ကျေးရွာများသို့ သွားရောက်ကာ သက်ဆိုင်ရာ​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများ၊ ရပ်​ကျေးစာ​ရေးများ၊ ရာအိမ်မှူးများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူး‌ပေါင်း၍ ဘုရားနီကျေးရွာအုပ်စု၊ စစ်ပင်ကြီး ကျေးရွာအုပ်စု၊ ကျားရဲကျေးရွာအုပ်စုတို့ရှိ အိမ်​ခြေ(၁၈၀)လုံးအား ​လေပြင်း​ဘေးကြိုတင်ပြင်ဆင်​ရေးအတွက် ​နေအိမ်များ စာရင်း​ကောက်ယူခြင်း၊ အိမ်​ဆောက်ပစ္စည်းများ စုပုံ/ဖြန့်ခွဲခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများအား
  အဖွဲ့များနှင့် အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်