သာပေါင်း မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၄ နာရီ HelpLine ဝန်ဆောင်မှု မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းကို မတ်လ ပထမပတ် စနေနေ့ နံနက် ၉ နာရီအချိန်က ဥယျာဉ်လမ်းနှင့်ရုံးပေါင်းစုံလမ်းလေးခွစုံ တိုင်းလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဦး၊ လူမှုဝန်ထမ်း (၃) ဒေါ်ခိုင်ချိုမြင့်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး (ကိုယ်စား)ယာယီ တာဝန်ခံ ဒေါ်ဖြိုးအိကျော်၊ လူမှုဝန်ထမ်း(၃) ဒေါ်ဇင်မာထွန်းတို့က ရုံးဘေး၌ စိုက်ထူခဲ့ကြသည်။
၂၄ နာရီ HelpLine ဝန်ဆောင်မှု မြေစိုက်ဆိုင်းဘုတ်တွင် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လက်နက်ကိုင် ပဋိပက္ခတွင် ကလေးသူငယ်များ အသေအကြေ ထိခိုက်ဒဏ်ရာ ရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ ကျား/မ အခြေပြု အကြမ်းဖက်မှု၊ ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အို ကိစ္စရပ်များနှင့် ပက်သက်၍ အကူအညီတစ်စုံတစ်ရာ လိုအပ်ပါက တိုင်ကြားနိုင်ရေးအတွက် HelpLine နံပါတ်များအား ပြည်သူများ သိရှိစေရန် စိုက်ထူခြင်းဖြစ်သည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တိုင်ကြားသူ၏ သတင်းအချက်အလက် မပေါက်ကြားစေရေးကို အထူးအလေးထား ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး(ကိုယ်စား) ယာယီ တာဝန်ခံ ဒေါ်ဖြိုးအိကျော်ထံမှ သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်