ကန်ကြီးထောင့် မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့် စာပေဖတ်ရှုလိုသူ ဝန်ထမ်းများအား စာအုပ်စာစောင်များကို ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်၍ စာအုပ်များ အခမဲ့ ငှါးရမ်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွတ်ပေးလျက်ရှိရာ ယနေ့နံနက် (၁၁)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်သို့ လာရောက် ငှားရမ်းနိုင်ခြင်း မရှိသော ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ စာအုပ်၊ စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေး၊ ပြင်ပဗဟုသုတများ ရရှိစေရေးနှင့် အားလပ်ချိန်တွင် စာအုပ်စာစောင်များ ဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေး၊ စာဖတ်ရှိန်မြင့်မားရေးတို့အတွက် စီစဥ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မဇင်(ပြန်/ဆက်)