ဆင်ပေါင်ဝဲ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စာစစ်ဌာနသုံးခုတွင် ယနေ့နောက်ဆုံး သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုမှုများ ပြီးစီးပြီ ဖြစ်သည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် မတ် ၈ ရက်မှ မတ် ၁၇ ရက်နေ့အထိ ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန သုံးခုတို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ သမိုင်းဘာသာရပ် ဖြေဆိုသူ(၈၁)ဦး ရှိသဖြင့် ဖြေဆိုမှု ၈၉ ဒသမ ၀၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)