အထက်မင်းလှ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက်(၉)နာရီက ဆက်လက်ဖြေဆို လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် သမိုင်းဘာသာရပ်ဖြေဆိုသူ အ.ထ.က(မင်းလှ)စာစစ်ဌာနတွင် (၁၂)ဦး၊ အ.ထ.က(မလွန်) စာစစ်ဌာနတွင်(၂၂)ဦး၊ အ.ထ.က (လက်ပံတံခါး) စာစစ်ဌာနတွင် (၂၁)ဦး၊ စုစုပေါင်း(၅၅)ဦး (၇၄.၃၂)ရာခိုင်နှုန်း ပျက်ကွက်သူ(၁၉)ဦး (၂၅.၆၈)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မင်းလှမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အပြင်စည်းလုံခြုံရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)