နတ်မောက်မြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့်ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်မောက် မတ် ၁၇

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ် သာယာအေးကျေးရွာတွင်  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့်ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား  ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် သာယာအေးကျေးရွာမှ ကော်မတီဝင်များ၏ ငွေစာရင်းဖြည့်သွင်းထားရှိမှု၊ စာရင်းဇယားထိန်းသိမ်းမှုများနှင့် ကျေးရွာရှိ  စိုက်ပျိုးရေးလုပ်ကိုင်သူ (၅)ဦးတို့၏ ငွေကျပ်(၁၇.၈) သန်းဖြင့် စိုက်ပျိုးလုပ်ကိုင်မှုများကိုလည်းကောင်း ငွေကျပ် (၂၀.၈)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့်  မွေးမြူရေးလုပ်ကိုင်သူ (၅၂)ဦးတို့၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ (၁.၆) သန်းဖြင့် အရောင်းအဝယ်ပြု လုပ်နေသူ (၄)ဦးတို့၏ လုပ်ငန်းလည်ပတ်မှုများကိုလည်းကောင်း အသီးသီး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

မူမူစန်း