ကသာ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သတင်းစကားလက်ကမ်း စာစောင် များကို ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာနှင့် ဝန်ထမ်းများက အမှတ်(၁)နှင့် အမှတ်(၂) စာစစ်ဌာန များသို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၃ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၃-၇-၁၉၄၇ ရက်နေ့တွင် မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ (၇၈) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန် ထမ်းရွက်ခဲ့ဆောင်ပုဒ်၊ တပ်မတော်၏အား (၁၀)ပါး ဆောင်ပုဒ်များ၊ ပြည်သူချစ်တဲ့ တပ်မတော် ကဗျာနှင့် ကာတွန်းများ၊ ဆောင်ပုဒ်များပါရှိသည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ဖြန့်ဝေခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူ လူငယ်လေး များအား ခိုင်မာသည့် အမျိုးသားရေးစိတ်ဓာတ်၊ စစ်မှန်သည့် ပြည်ထောင်စ စိတ်ဓာတ်၊ မှန်ကန် သော မျိုးချစ်စိတ်ဓာတ်များ ဖြစ်ထွန်းစေရန်နှင့် ပညာရေးဖွံ့ဖြိုးတိုးတက်ပြီး မှန်ကန်သော အတွေးအခေါ်၊ ကောင်းမွန်သော အကျင့်စာရိတ္တတို့ဖြင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ် များကို ပြုစုပျိုးထောင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ အဓိကဖြန့်ဝေရခြင်းဖြစ် ကြောင်း သိရသည်။
ကျော်စွာ(ကသာ)