လိပ်သို မတ် ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်း တို့ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက် အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ အလုပ်သမား ဥပဒေအရ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်၊ ကလေးသူငယ်များနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်များ ၊ ကလေးအလုပ်သမားများအတွက် ပညာရေး၊ကျန်းမာရေး၊ လူမှုရေး စသည့် အထွေထွေထိခိုက် ဆုံးရှုံးမှုများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ အသက်အရွယ် အပိုင်းအခြားနှင့် ခံစားပိုင်ခွင့်များ၊ တည်ဆဲဥပဒေနှင့်အညီ ကလေးသူငယ်များ ရရှိခံစား ရမည့်အခွင့်အရေးများ ၊ အကာကွယ်များ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်ချက်များ၊ သိမှတ်ဖွယ်ရာများတို့ကို ရုံးရှေ့ နံရံကပ်ပြဘုတ်နှင့် ရုံးတွင်းနံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)