ဖြူး မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီ၊ ပန်းပုကျောင်း ဆင်းများပူးပေါင်း၍ နွေရာသီကျောင်းပိတ်ချိန်ကာလတွင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အခြေခံပန်းချီပညာကို တတ်မြောက်သွားစေရန်အတွက် ရည်ရွယ်ကာ အခြေခံပန်းချီ သင်တန်းအခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ သင်တန်းဖွင့်ပွဲကို ယနေ့၊ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာပန်းချီပညာဝါသနာအိုးများ (Group) ဥက္ကဋ္ဌ ဦးကျော်ငြိမ်း (စိတ်မီးအိမ်) က ရသပညာနှင့် ပန်းချီဆက်စပ်မှု သဘောတရားများနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် မူလတန်း/ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၁)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မတ်လ(၁၇)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့ထိ စနေ၊ တနင်္ဂနွေ (၂)ရက်ပိတ်၍ နံနက်(၁၀)နာရီမှ (၁၁)နာရီခွဲအချိန်ထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းထူးချွန်ဆု၊ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ ဆက်)