ကော့သောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

ကော့သောင်း မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနလူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ကော့သောင်းမြို့နယ်၊ အလုပ်ရုံနှင့်အလုပ်သမား ဉပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကိုကိုက ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား အသက်အရွယ်အပိုင်းအခြားနှင့် ကလေးများ အရွယ်မတိုင်မီ လုပ်ငန်းခွင်သို့ ရောက်ရှိရသည့် အကြောင်းအရင်းများနှင့် ပြဌာန်းထားသည့် ဉပဒေများအကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပရဟိတအဖွဲ့များမှ  ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် အကြံပြုဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ သိရှိလိုသည်များကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)