ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၇၆)ဦး ဆက်လက်ဖြေဆို

ငဖဲ မတ် ၁၇

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ စာစစ်ဌာနအသီးသီး၌ သမိုင်းဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာ စာစစ်ဌာန ၂ ခု တွင် သမိုင်းဘာသာရပ်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၈၂) ဦး စာရင်းပေးသွင်းထားပြီး ဖြေဆိုသည့်နေ့တွင် အ.ထ.က-ငဖဲ စာစစ်ဌာန၌ ဖြေဆိုသူ (၄၁)ဦး၊ အ.ထ.က - ပဒါန်းစာစစ်ဌာန၌ ဖြေဆိုသူ (၃၅)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၇၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသဖြင့်   ၉၂.၆၈   ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်အေး၊ စခန်းမှူးဒုရဲမှူးဇော်ဝင်း နှင့်တပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက လုံခြုံရေးအတွက် ပူးပေါင်း စောင့်ကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)