နတ်မောက်မြို့ အ.ထ.က(အောင်ဆန်း) စာစစ်ဌာနတွင်  တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်း ဘာသာရပ်အား ဆက်လက်ဖြေဆို

နတ်မောက် မတ် ၁

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ() ရက်နေ့မှစတင် ကျင်းပလျက်ရှိရာ  ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ အ..က (အောင်ဆန်း) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်အား ကျောင်းသား/သူများ စိတ်အေးချမ်းသာ စွာဖြေဆိုနိုင်ရေး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ..က(အောင်ဆန်း) စာစစ်ဌာနတွင်ကျင်းပလျက်ရှိပြီး ဖြေဆိုသည့်   ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်လျက်ရှိပြီး ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊   မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။       

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ()ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး သမိုင်းဘာသာရပ်အား လာရောက်ဖြေဆိုသူ ကျောင်းသား(၅၁)ဦး၊ ကျောင်းသူ(၉၂) ဦး  စုစုပေါင်း (၁၄၃) ဦးရှိပြီး ဖြေဆိုသူ ရာခိုင်နှုန်း ( ဒဿမ ၇၀) ရာခိုင်နှုန်းရှိကြောင်းသိရသည်။

လှဝင်း