ပိုင်ကျုံ မတ် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ အစည်းအဝေး တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ မတ် ၁၆ ရက်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်က မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ခုနှစ်၊ မတ်လ ၂၇ ရက် နေ့ ( ၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ တပ်မတော်၏ အား( ၁၀)ပါး၊ ပြည်သူချစ်တဲ့ တပ်မတော် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
ထိုလက်ကမ်းစာစောင်ကို ဖြန့်ဝေခြင်းအားဖြင့် ပြည်သူများ သိသင့်သိထိုက်သော တပ်မတော်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများအား အသိပညာ ဗဟုသုတ ပိုမိုရရှိစေပါကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)