မြို့သစ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

မြို့သစ် မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်နှင့် (Community Centre) ခန်းမ၌ ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေးနံရံကပ်စာစောင်တွင် ကလေးအလုပ်သမားအဓိပ္ပာယ်၊  ကလေးအလုပ်သမားများ၏ အသက်အရွယ်၊  ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ အလုပ်ရှင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာမူများ စသည့်အသိပညာပေး အကြောင်းအရာများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)