ချောက် မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာပိုစတာကို မတ်လ ၁၅ ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က ရေနံကလပ်မီးပွိုင့်အနီးတွင် စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူ၊ ချောက်မူလတန်းကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမမဝင်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးဆောင်ပုဒ်များ၊ သရုပ်ဖော်ပုံများ၊ ပြစ်မှုပြစ်ဒဏ်များပါရှိသည့် ဗီနိုင်းပိုစတာအားစိုက်ထူခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးနှင့်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝင်းအတွင်း၌ စာငှား/စာဖတ်လာသူများနှင့် သင်တန်းသား/သူ များအား ကလေးအလုပ်သမားပပျောက်ရေးဆိုင် နံရံကပ်စာစောင်ပြသခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများကချောက်မြို့နယ် အ.ထ.က.(၁)စာဖြေဌာန၊ ဘဏ်နှင့်စျေးတို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်း၊ နံရံကပ်စာစောင်ပြသခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)