ဖောင်းပြင်မြို့နယ်တွင် ဆင်းရဲမှုလျှော့ချရေးအစီအစဉ်ဖြင့် စိုက်ပျိုးသည့်နေကြာများ အောင်မြင်ဖြစ်ထွန်း

ဖောင်းပြင် မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် နိုင်ငံတော်ကဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်ဖြင့် တောင်သူများအား နေကြာကိုတိုးချဲ့စိုက်ပျိုးနိုင်ပြီး ဆီစားသုံးမှုဖူလုံစေရန်အတွက် နေကြာမျိုးစေ့များကို အခမဲ့ထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခြင်းဖြင့် စိုက်ပျိုးစေခဲ့ရာ ပိုးစာကုန်းကျေးရွာမှ တောင်သူဦးကျော်လင်းမောင် စိုက်ပျိုးသည့် နေကြာစိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ထိုသို့ နေကြာစိုက်ပျိုးမှုများအပေါ် စိုက်ပျိုးရေးနည်းစနစ် မှန်ကန်စေရေးအတွက် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ နေကြာအထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်းများ၊ ကွင်းသရုပ်ပြပွဲ များကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါအစီအစဉ်ဖြင့် နေကြာစိုက်ဧက ၂၇၀ကို စိုက်ပျိုးနိုင်ခဲ့ ကြောင်း၊ မြို့နယ်အတွင်း နေကြာစိုက်ဧကပေါင်း ၂၄၀၇ ဧကစိုက်ပျိုးထားရှိပြီး ယခင်နှစ်များထက် ၁၀၃ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရ သည်။

ဖောင်းပြင်မြို့နယ်တွင် နေကြာကို ကောက်ကြီးစပါးရိတ်သိမ်းပြီးချိန်၌ သီးထပ်စနစ်ဖြင့်လည်း ကောင်း၊ ဆောင်းသီးနှံ ပဲများရိတ်သိမ်းပြီးချိန်၌ သီးထပ်စနစ်ဖြင့်လည်းကောင်း၊ နွေစပါးစိုက်ပျိုးရေ လုံလောက်စွာမရရှိသည့် လယ်မြေများတွင် စပါးစိုက်ပျိုးခြင်းမပြုဘဲ နေကြာကိုပြောင်းလဲစိုက် ပျိုးခြင်းဖြင့်လည်းကောင်း စိုက်ပျိုးကြပြီး ဒီဇင်ဘာလမှဖေဖော်ဝါရီလအထိ စိုက်ပျိုး၍ရရှိနိုင် ကြောင်း တောင်သူများထံမှ သိရသည်။

ကိုထွန်း (ဖောင်းပြင်)